The Speech of Principal

Dr.Than Zaw

Deputy Director General and Principal
Ph.D(Mechanical)

မင်္ဂလာပါ….
နည်းပညာနှင့်သက်မွေးပညာရေး၏ အဓိကရည်ရွယ်ချက်မှာ သင်ယူသူတို့အား အလုပ်အကိုင်ရရှိရန်နှင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန်အတွက် လိုအပ်သောအသိပညာနှင့် ကျွမ်းကျင်တတ်မြောက်မှုများကို လေ့ကျင့်သင်ကြားပေးရန်ဖြစ်ပါသည်။


ထိုသို့ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော ကျွမ်ကျင်သူများအဖြစ် လေ့ကျင့်သင်ကြားပေးနိုင်ရန် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍရှိ ဆရာ၊ဆရာမများသည် ဘာသာရပ်ဆိုင်ရာစာတွေ့လက်တွေ့ ကျွမ်းကျင်တတ်မြောက်မှုများရှိရမည့်အပြင် သင်ကြားသင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပါ ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)သည် နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးကဏ္ဍမှ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းမျာအတွက် လိုအပ်သော သင်ကြားမှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ နည်းပညာ ဆိုင်ရာလက်တွေ့ကျွမ်းကျင်မှုသင်တန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။ထိုသို့ဖွင့်လှစ်လျှက်ရှိသော အရည်အသွေး မြှင့်တင်မှုဆိုင်ရာသင်တန်းများတွင် ဆရာ၊ဆရာများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ သင်တန်းများသို့တက်ရောက်ကြပါရန် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)မှ နွေးထွေးစွာဖိတ်ခေါ်အပ်ပါသည်။