Robe Offering Festival (Waso)

0 0

၁၃၈၂ ခုနှစ် ဝါဆိုလဆန်း(၉)ရက်၊ခရစ်နှစ် ၂၀၁၉ခုနှစ်၊ ဇူလိုင်(၁၀ရက်) နံနက် ၁၀နာရီတွင် ဝါဆိုသင်္ဃန်းဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ဝန်ထမ်းများတက်ရောက်၍ ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး ချမ်းဟိန်းသာကျောင်း ဆရာတော်ထံမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များဟောကြားတော်မူခဲ့ပြီး ဆရာကြီး/ဆရာမကြီးများနှင့် အလုပ်အမှုဆောင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ယင်းနောက် တက်ရောက်လာကြသည့်ဧည့်ပရိသတ်များက ချမ်းဟိန်းသာကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာ ကြားခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက်

ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *